Monday, May 16, 2016

Facebook ပေါ်မှ GIF တွေကို ဖုန်း/ကွန်ပျူတာထဲက Save လုပ်နည်း

Facebook ပေါ်က GIF တွေကို Save လုပ်တာကတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ခက်တော့မခက်ပါဘူး။ ဖုန်းနဲ့ကွန်ပျူတာနဲ့ကဘာမှမကွာပါဘူး။ ဒါကြောင့် ဖုန်းနဲ့လုပ်တာကို ပြသပေးပါမယ်။ အရင်ဆုံး သင့်အနေနဲ့ GIF ရှိတဲ့ Page တစ်ခုကို အရင်သွားလိုက်ပါ။ ကျွန်တော်ကတော့ Suicide Squade ရဲ့ Page မှာ ကြိုက်နှစ်သက်တဲ့ GIF တစ်ခုကိုတွေ့မိ တာကြောင့်အဲ့ဒီကို ဝင်လိုက်ပါတယ်။

Facebook ပေါ်က GIF တွေကို Save လုပ်တာကတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ခက်တော့မခက်ပါဘူး။ ဖုန်းနဲ့ကွန်ပျူတာနဲ့ကဘာမှမကွာပါဘူး။ ဒါကြောင့် ဖုန်းနဲ့လုပ်တာကို ပြသပေးပါမယ်။ အရင်ဆုံး သင့်အနေနဲ့ GIF ရှိတဲ့ Page တစ်ခုကို အရင်သွားလိုက်ပါ။ ကျွန်တော်ကတော့ Suicide Squade ရဲ့ Page မှာ ကြိုက်နှစ်သက်တဲ့ GIF တစ်ခုကိုတွေ့မိ တာကြောင့်အဲ့ဒီကို ဝင်လိုက်ပါတယ်။့ Link ကို ကူးသွားပါလိမ့်မယ်။
ပြီးရင် Facebook App ထဲကထွက်လိုက်ပြီး ဖုန်း Browser ထဲဝင်လိုက်ပါ။ Browser ထဲရောက်ရင် Search Bar မှာ ခုနကကူးလာတဲ့ Link ကို Paste လုပ်ပြီး Post ထဲဝင်ရမှာပါ။ တစ်ခုရှိတာက သင့်Browser ထဲမှာ သင့်အကောင့်ကို ဝင်ထားပြီးသားဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဝင်ပြီးရင် Website View အနေနဲ့ ဒီတိုင်းလေးတွေ့ရပါလိမ့်မယ်။
ပြီးရင် GIF ပုံကိုနှိပ်လိုက်ရင် သူ့နဂိုမူရင်းပုံကိုသွားမှာပါ။ ရောက်သွားရင်အောက်မှာပြထားတဲ့အတိုင်း မြင်နိုင်မှာပါ။
ပုံကိုဖိထားလိုက်ရင် Menu Box ကျလာမှာဖြစ်ပြီး Save Image ကိုနှိပ်လိုက်ရင် GIF ကို ဒေါင်းလုဒ်ဆွဲပါလိမ့်မယ်။ ပြီးသွားရင်တော့ သင့် Gallary ထဲက File တစ်ခုထဲမှာ GIF လေးကိုတွေ့ရမှာပါ။ ဒါပါပဲ။ နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် လွယ်ကူပါတယ်။ တိုက်ရိုက်ဒေါင်းတဲ့ App ကတော့ မရှိလို့ အလွယ်ကူဆုံးနည်းကို ရှာဖွေပြီး တင်ပြပေးလိုက်တာပါ။

ကဲဒီလိုလွယ်ကူတဲ့ နည်းလမ်းနဲ့ သင့်လိုချင်တဲ့ GIF တွေ Facebook မှာတွေ့တဲ့အခါ ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ မနက်ဖြန်ကျရင် တက်လာမယ့် “ဘယ်လိုဗီဒီယိုမဆို GIF အဖြစ်ပြောင်းလဲနည်း” ကိုလည်း စောင့်မျှော်ဖတ်ရှုပေးနိုင်ပါတယ်။

Ref: Digitaltimes


No comments:

Post a Comment