Android နဲ့ iOS ဖုန်းတွေကနေ Facebook မှာ Live stream ဘယ်လိုလွှင့်မလဲ
အဆင့် (၁) ပထမဦးဆုံး သင့်ရဲ့ Android (ဒါမှမဟုတ်) iOS Facebook app ထဲ ၀င်ပြီး၊ status တင်ဖို့ လုပ်လိုက်ပါ။
အဆင့် (၂) အခုဆို location တွေဘာတွေရွေးတဲ့ အောက်နား၊ညာဘက်မှာ လူခေါင်းပေါ်ရေဒီယိုလှိုင်းလေးတွေထနေတဲ့ပုံ တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။
အဆင့် (၃) ကိုယ့် privacy ကို ရွေးချယ်ပါ။ ကိုယ်တိုက်ရိုက်လွှင့်နေတဲ့ဗီဒီယိုကို မကြည့်စေခဲ့တဲ့လူတွေ မကြည့်နိုင်အောင်ရွေးထားနိုင်ပါတယ်။ ပြီးတော့ ကိုယ်အခုတိုက်ရိုက်လွှင့်မယ့်ဗီဒီယိုက ဘာအကြောင်းလဲဆိုတာ description အနည်းငယ်ရေးပါ။
အဆင့် (၄) အားလုံးပြီးပြီဆိုရင်၊ Go Live ဆိုတာကို နှိပ်ပြီး၊ သင့်စမတ်ဖုန်းကင်မရာနဲ့အတူ live stream စတင်လွှင့်နိုင်ပါပြီ။ ရိုးရိုးတန်းတန်းကြီး ဗီဒီယိုလွှင့်တာထက်စာရင်၊ ပိုမိုဆန်းဆန်းလေး လွှင့်ချင်တယ်ဆိုရင်လည်း ပုံလေးတွေနဲ့ ဗီဒီယိုကို အလှဆင်လို့ရပါတယ်။ ဒါပေမယ့် ဒီ feature ကတော့ လူတိုင်းမှာ မရသေးဘူးလို့ သိရပါတယ်။
အဆင့် (၅) ကိုယ်တိုက်ရိုက်လွှင့်နေတဲ့ဗီဒီယိုကို ကြည့်ရှုနေသူတွေက အချိန်နဲ့တပြေးညီ comment တွေ ပေးနိုင်ပါတယ်။ တကယ်လို့ Live Stream လွှင့်တာပြီးရင် အောက်က Finish ဆိုတာလေးကို နှိပ်ပြီး ရပ်ပစ်နိုင်ပါတယ်။
အဆင့် (၆) တကယ်လို့ သင် Live Stream လွှင့်တဲ့အချိန်မှာ မကြည့်လိုက်ရတဲ့လူတွေလည်း ကြည့်နိုင်အောင် အတွက် ဒီဗီဒီယိုကို သင့် Facebook ပရိုဖိုင်မှာ တင်ပေးထားမှာဖြစ်ပါတယ်။ မကြိုက်ရင်လည်း ပြန်ဖျက်ပစ်နိုင်ပါတယ်။
သတိပြုရမှာက Live stream ဗီဒီယိုတစ်ခုဟာ မိနစ် ၉၀ ထက် ပိုကြာလို့မရပါဘူး။ ပြီးတော့ Live Stream အကြာကြီးလွှင့်ရင် အင်တာနက်ဒေတာတော်တော်ကုန်နိုင်ပါတယ်။ ကိုယ့် ကိုယ်ပိုင်အကောင့်ကနေ Live Stream လွှင့်နိုင်သလို၊ Facebook page တစ်ခုအနေနဲ့လည်း Live Stream လွှင့်နိုင်ပါတယ်။ လုပ်နည်းက အတူတူပါပဲ။
Ref: PC Advisor
Ref: Digitaltimes
versionဘယ်လောက်မှာပါတာလဲ
ReplyDeleteFacebook v76.0.0.0.27Apk ကနေစပြီး ပါလာပါပြီ
ReplyDelete